တစ်+တစ်=သုံး -ချမ်းမြေ့ဝင်း ราคา 230 บาท
ราคา
230
บาท
ราคา
230
บาท
တစ်+တစ်=သုံး ” စာအုပ်ထဲမှာစိတ်ဝင်စားစရာ၊ ဉာဏ်ကွန့်မြူးချင်စရာ ဇာတ်လမ်းတို ၆၀ ကျော် ပါတယ်။
ဒီဇာတ်လမ်းတွေကို ဖတ်ရင်း၊ လေ့လာရင်း ကိုယ့်ရဲ့ ဖြတ်ထိုးဉာဏ်၊ ဖောက်ထွက်တွေးခေါ်ဟန်တွေ တိုးတက်လာမယ်။
မူရင်းစာရေးသူ Dave Trott ဟာကြော်ငြာလောကမှာအင်မတန် နာမည်ကြီးတဲ့ဖန်တီးမှု ဒါရိုက်တာတစ်ယောက်။ သူ့ရဲ့ ရေးဟန်က တိုတယ်၊ ပြတ်တယ်၊ ရှင်းတယ်။ ခွန်အား အပြည့်ပါတယ်၊ ဖွဲ့နွဲ့ခြင်းတွေ သိပ်မရှိဘူး။ ဖတ်ရတာ လွယ်တယ်၊ ပေါ့ပါးတယ်။ ဒါပေမယ့် ရလိုက်တဲ့ ဗဟုသုတတွေက တန်ဖိုးရှိတယ်။
ပထမကမ္ဘာစစ်ပွဲမှာ.. မကြုံစဖူး..အသက်ရှင်ကျန်ရစ်ခဲ့တဲ့ရေတပ်စစ်သား တစ်ယောက်အကြောင်း၊”သေမင်းကုန်သည်”..ဆိုပြီး နာမည်တပ်ခံခဲ့ရဖူးတဲ့ ငြိမ်းချမ်းရေးဖခင် တစ်ယောက်အကြောင်း၊ လက်ချောင်းနှစ်ချောင်း မရှိတော့ပေမယ့် ဂျပ်စ်ဂီတအသစ်ကို ဖန်တီးနိုင်ခဲ့တဲ့ ဂျစ်ပစီတစ်ယောက်အကြောင်း..
ထင်မှတ်ထားဘဲ ကြုံလာရတဲ့ ပြဿနာပေါင်းစုံကို နည်းလမ်းအသစ်တွေနဲ့ဖြေရှင်း၊ ကမ္ဘာကို ပြောင်းလဲနိုင်ခဲ့သူတွေရဲ့အကြောင်း.. စတဲ့.. စတဲ့ ဇာတ်လမ်းပေါင်းစုံ။
ကျစ်လစ်ပေါ့ပါးပြီး နေရာစုံမှာ အသုံးဝင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။
Be the first to comment